ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့်တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအကြို ကွင်းဆင်းဆေးကုသခြင်းအား (၁၅.၁၁.၂၀၂၃)နေ့တွင် ကြို့ပင်ကောက်မြို့ (၁၆) ခုတင်ဆံတိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်နှင်းထိုက်တိုး ဦးဆောင်၍ ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်ဇင်ဇာလီထက်၊ အငယ်တန်းစာရေး (၃)ဦးနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဦးသက်လုံဦးတို့သည် ဥက္ကံအုပ်စု ဖလံကုန်းကျေးရွာ၊ ဖလံကုန်းဘုန်းကြီးကျောင်း၌ အခမဲ့ကွင်းဆင်းဆေးကုသခြင်းနှင့် ပညာပေးဟောပြောခြင်းအား ဆောင်ရွက်ခဲ့ရာ လူနာဦးရေကျား ( ၂၁)ဦး ၊ မ ( ၄၁ )ဦး စုစုပေါင်း( ၆၂ )ဦးတို့အားဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တံတားမြို့တိုင်းရင်းဆေးကုဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံ့ရေးဦးစီးဌာနတို့ပူးပေါင်း၍ `လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ၁၄.၁၁.၂၀၂၃ အင်္ဂါနေ့ နေ့လယ် ၁:၀၀ နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တံတားမြို့တိုင်းရင်းဆေးကုဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ့ရေးဦးစီးဌာနတို့ပူးပေါင်း၍ `လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို တံတားမြို့အထကကျောင်း၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဟေမာသန်းထွန်းနှင့်အဖွဲ့သည် (၁၄.၁၁.၂၀၂၃)ရက်နေ့တွင် ထန်းတပင်မြို့နယ်ရှိ လွမ်းစေတီ ပရိယတ္တိစာသင်တိုက်၌ လူကြီး(ကျား)-၁၉ဦး၊ကလေး(ကျား)-၁ဦး၊စုစုပေါင်း(၂၀)ဦးတို့အား အခမဲ့ကွင်းဆင်း ဆေးကုသပေးခဲ့ ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှုး၏လမ်းညွှန်မှုဖြင့် ၂၂ ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့်တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲအကြို ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနနှင့်ပူးပေါင်း၍ ၁၄-၁၁-၂၀၂၃ ရက်နေ့တွင် ပဲနွယ်ကုန်းမြို့ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်အမာကြည်သည် သွေးတိုးရောဂါအကြောင်း Talk Show ဆွေးနွေးမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။