ရခိုင်ပြည်နယ် မိုခါမုန်တိုင်းဒဏ်သင့်ဒေသသို့ ၁၆.၁၁.၂၀၂၃ ရက်နေ့တွင် ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယအကြိမ် ဆန်ထောက်ပံမှုအခမ်းအနားတွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများသွားရောက် ဆန်ထောက်ပံ့မှုလက်ခံပြီး ပြည်နယ်/ခရိုင်/မြို့နယ်တိုင်းရင်းဆေးကုဌာန ဝန်ထမ်းများအား တစ်ဦးလျှင် ဆန်(၂)ပြည်နှုန်းဖြင့် အချိုးကျ ခွဲဝေပေးခဲ့ ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။