ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာမှ ၁၆-၁၁-၂၀၂၃ ရက်နေ့တွင် တောင်ကလေးကျေးရွာအုပ်စုမြောက်ပန်းကုန်းကျေးရွာ၌ ကွင်းဆင်းကုသမှုများဆောင်ရွက်ခဲ့ရာ ကျား(၂၆)ဦး၊ မ(၄၇)ဦး စုစုပေါင်းလူနာ(၇၃)ဦး အားဆေးကုသပေးခဲ့ပါသည်။ သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာန တည်နေရာနှင့် ဆောင်းရာသီတွင် ဖြစ်တတ်သောရောဂါများအကြောင်းကို လူဦးရေ (၂၀)ဦး အား ဟောပြောခဲ့ ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၇.၁၁.၂၀၂၃ ရက် နံနက်၁၀နာရီတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးသည်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊
ရန်ကုန်တိုင်းဒေကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်ကြည်ကြည်ဝင်းနှင့် အဖွဲ့သည် (၁၇.၁၀.၂၀၂၃) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ ရာသီဥတုအကူးအပြောင်းတွင်ဖြစ်တတ်သောရောဂါများအကြောင်းကို ဟောပြောခဲ့ပြီး ကျား လူကြီး(၈)ဦး၊ မလူကြီး (၁၂) ဦး တို့အားဆေးကုသမူပေးခဲ့သည့် အပြင် အမှတ်(၂) မူကြိုကျောင်း၌ ကလေး(ကျား) ၃၀ ဦး၊ ကလေး(မ) ၅၉ ဦး၊ စုစုပေါင်း (၁၀၉) ဦး တို့အားအခမဲ့ဆေးကုသမူပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနနှင့် ပူးပေါင်း၍ ၁၇-၁၁-၂၀၂၃ ရက်နေ့တွင် အ.မ.က မူလွန် (ကဒါကမ်းနား) ကျောင်း၌ ကျောင်းကျန်းမာ ရေးဟောပြောရာ လူဦးရေ ၁၀၀ တက်ရောက်ပြီး ကျောင်းသား ၉ ဦးနှင့် ကျောင်းသူ ၂၁ ဦး စုစုပေါင်း ၃၀ ဦးအား ဆေးဝါး ကုသပေးခဲ့ကြောင်း သိရသည်။