ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ပုသိမ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၉-၁၁-၂၀၂၃ ရက်နေ့တွင် ဇရက်ဆိပ်ကျေးရွာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာတွင် ကျား၁၄ဦး မ၁၅ဦး စုစုပေါင်း၂၉ဦးအား ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၉-၁၁-၂၀၂၃ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဦးစိုးလင်းသည် ပြည်တော်သာကျေးရွာ၌ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား၁၈ဦး မ၂၅ဦး စုစုပေါင်းလူနာ ၄၃ဦး အား ကုသပေးခဲ့ပြီး ရာသီပြောင်းတွင်ဖြစ်တတ်သောရောဂါများအကြောင်းကို လူဦးရေ (၅၀)ဦး အား ဟောပြောခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ၂၀.၁၁.၂၀၂၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဆောင်မှုဖြင့် ပြည်မြို့ ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ဗုဒ္ဓပူဇ နိယပူဇော်ပွဲ နှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၌ ပြည်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝတ္တုငွေနှင့် တိုင်းရင်းဆေးဝါးများ ပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ၁၉-၁၁-၂၀၂၃ ရက်နေ့တွင် ပဲခူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူးနှင့် လက်ထောက်တိုင်းရင်းဆေးမှူးတို့သည် (၂၂)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့်တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲအကြိုကွင်းဆင်းဆေးကုသခြင်းအား နန်းဦးကျောင်းဓမ္မရိပ်သာ၌ ကျား(၄)ဦး၊ မ(၉)ဦး စုစုပေါင်း(၁၃)ဦးအား ကျန်မာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။