တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်(၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ မြိတ်ခရိုင် တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါနှင့် မြိတ်(၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်မာကြူတို့သည် (၁၅.၁၁.၂၀၂၃) ရက်နေ့တွင် ဘိုးဘွားရိပ်သာ၌ အဘိုးအဘွားတို့အား တိုင်းရင်းဆေးများဖြင့် ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။