ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာမှ ၁၆-၁၁-၂၀၂၃ ရက်နေ့တွင် တောင်ကလေးကျေးရွာအုပ်စုမြောက်ပန်းကုန်းကျေးရွာ၌ ကွင်းဆင်းကုသမှုများဆောင်ရွက်ခဲ့ရာ ကျား(၂၆)ဦး၊ မ(၄၇)ဦး စုစုပေါင်းလူနာ(၇၃)ဦး အားဆေးကုသပေးခဲ့ပါသည်။ သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာန တည်နေရာနှင့် ဆောင်းရာသီတွင် ဖြစ်တတ်သောရောဂါများအကြောင်းကို လူဦးရေ (၂၀)ဦး အား ဟောပြောခဲ့ ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။