မွန်ပြည်နယ်၊ ပေါင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနနှင့် ပူးပေါင်း၍ ၁၇-၁၁-၂၀၂၃ ရက်နေ့တွင် အ.မ.က မူလွန် (ကဒါကမ်းနား) ကျောင်း၌ ကျောင်းကျန်းမာ ရေးဟောပြောရာ လူဦးရေ ၁၀၀ တက်ရောက်ပြီး ကျောင်းသား ၉ ဦးနှင့် ကျောင်းသူ ၂၁ ဦး စုစုပေါင်း ၃၀ ဦးအား ဆေးဝါး ကုသပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။