ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၆.၁၁.၂၀၂၃)ရက်နေ့တွင် အ.မ.က (၃) မူလတန်းကျောင်း၌ ကွင်းဆင်းဆေးကုသရာတွင် ကျား ၂၅ ဦး၊ မ ၂၈ ဦး၊ စုစုပေါင်း=၅၃ ဦးအား ကွင်းဆင်းကုသပေးခဲ့ပြီး အစာမကြေ ရောဂါအကြောင်း ဆောင်ရန်၊ရှောင်ရန်များကို ကျား ၁၀၁ဦး၊ မ ၉၉ ဦး၊ စုစုပေါင်း ၂၀၀ ဦး အား ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။