ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပ မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းဆေးမှူး ဒေါ်စောကလျာမျိုးသည် ၉ ၁၁-၂၀၂၃ နံနက် ၁၀:ဝဝ နာရီတွင် ဆောင်းရာသီတွင်ဖြစ်တတ်သောရောဂါများနှင့် ဆောင်ရန်ရှောင်ရန်များကို ဟောပြောပြီး ကွင်းဆင်းဆေးကုရာ လူကြီးကျား ၁၂ ဦး နှင့်မ ၁၆ ဦး ကလေးကျား ၁ ဦး နှင့်မ ၁ ဦး စုစုပေါင်း ၃၀ ဦး အားဆေးကုသပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။