ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဉီးစီးဌာန တိုင်းဒေသကြီဉီးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ပေါင်းတည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဉီးနေဝင်းနှင့် အထွေထွေလုပ်သား ဦးအောင်ကိုကိုတို့သည် ပေါင်းတည်မြို့အတွင်းလမ်းမိုးကုတ်ရိပ်သာတရားစခန်းပွဲ၌ (၆.၁၁.၂၀၂၃) ရက်နေ့မှ (၁၀.၁၁.၂၀၂၃) ရက်နေ့အထိ (၅) ရက်တိုင်တိုင်တိုင်းရင်းဆေးဖြင့်ကွင်းဆင်းဆေးကုသပေးခဲ့ရာ လူနာကျား (၄၇) ဦး မ(၆၈)ဦး စုစုပေါင်း(၁၁၅)ဦးအား ကျန်မာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။