the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ပဲခူးတိုင်း​ဒေသကြီး တိုင်းရင်း​ဆေးပညာဦးစီးဌာန ပြည်မြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ တိုင်း​ဒေသကြီးဦးစီးဌာ နမှူး၏ လမ်းညွှန်မှုဖြင့် ၂၇-၁၀-၂၀၂၃ ရက်နေ့တွင် ပြည်ခရိုင် ပြည်မြို့နယ်တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ​ဒေါ်​အေးအေးချစ်သည် မြို့​ပေါ်ရှိ​ဆေးဆိုင်များတွင်  GINSING Pro Bio Grang Co.Ltd Thailand ​ဆေး​ရောင်းချခြင်းရှိ/မရှိစစ်​ဆေးရာ​ရောင်းချခြင်းမရှိပါကြောင်းနှင့် ဤဆေးသည်အ​နောက်တိုင်း​ဆေးများ​ရော​နှောထားသည့်​ဆေးဖြစ်​သော​ကြောင့်​ရောင်းချခြင်းမပြုရန်မှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်း​ဒေသကြီး​ တောင်ငူခရိုင် ဖြူးမြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ ၂၇-၁၀-၂၀၂၃ ရက်​နေ့တွင် ပဲခူးတိုင်း​ဒေသကြီး​ တောင်ငူခရိုင် ဖြူးမြို့နယ်တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ​ဒေါ်ဝင်းဝင်း​အေးသည် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာန မြို့နယ်စားသုံးသူ​ရေးရာဦးစီးဌာနတို့နှင့်ပူး​ပေါင်း၍ Cambodia နိုင်ငံထုတ် Gingsing Pro BioGrand ကျန်းမာ​ရေးဖြည့်စွက်စာအား​ရောင်းချခြင်းရှိ/မရှိ စစ်​ဆေးပြီးအ​နောက်တိုင်း​ဆေးများ​ရော​နှောထားသည့်​ ဆေးဖြစ်​သော​ကြောင့်​ရောင်းချခြင်းမပြုရန်မှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်း​ဒေသကြီး တိုင်းရင်း​ဆေးပညာဦးစီးဌာန တောင်ငူခရိုင်၊ ရေတာရှည်  မြို့နယ်တိုင်းရင်း​ဆေးကုဌာနမှ ပဲခူးတိုင်း​ဒေသကြီး တိုင်းရင်း​ဆေးပညာဦးစီးဌာန တိုင်း​ဒေသကြီးဦးစီးဌာနမှူး၏  လမ်းညွှန်မှုဖြင့် ၂၇.၁၀.၂၀၂၃ ​ရက်နေ့တွင် တောင်ငူခရိုင်၊ ရေတာရှည်  မြို့နယ်တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ​ဒေါ် မေနှင်းသည် မြို့နယ်ကျန်းမာ ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်စည်ပင်တို့ပူးပေါင်း၍ မြို့ပေါ်အတွင်းရှိ ဆေးဆိုင်များကို သွားရောက်စစ်ဆေးခဲ့ရာ Cambodia နိုင်ငံထုတ် Gingsing Pro Bio Grand ကျန်းမာရေး ဖြည့်စွက်စာအား ရောင်းချခြင်းမရှိကြောင်း၊ ဤဆေးသည် အနောက်တိုင်းဆေးဝါးများ ရောနှောထားသည့် ဆေးဖြစ်သော ကြောင့် ရောင်းချခြင်းမပြုရန်ပါမှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်း​ဒေသကြီး တိုင်းရင်း​ဆေးပညာဦးစီးဌာန သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တိုင်း​ရင်းဆေးကုဌာနမှ ၂၆.၁၀.၂၀၂၃ ရက်​နေ့တွင် သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် တိုင်း​ရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှုး​ဒေါငြိမ်းငြိမ်းစိုးနှင့် ကြို့ပင်​ကောက်မြို့နယ်တိုင်းရင်း​ဆေးကုဌာနမှမြို့နယ်တိုင်းရင်း​ဆေးမှုးဦးသက်လုံဦးတို့သည် အုတ်ဖိုမြို့နယ်  လယ်ပြင်​ကျောင်းတိုက်ရှိ တရားစခန်း၌ အခမဲ့ကွင်းဆင်း​ဆေးကုသမှု​ပေးခဲ့ပြီး လူနာကျား ၅ ဦး မ  ၅၅ ဦး စုစု​ပေါင်း  ၆၀ဦးအားကုသမှု​ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်