the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် တိုင်းရင်းဆေးကုဌာနနှင့် အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ရည်မွန်အောင်ဦးဆောင်သောကွင်းဆင်းအဖွဲ့သည် ၂-၁၁-၂၀၂၃  ရက်နေ့တွင် အလုံမြိုနယ်ဇောတနာရာမ ပရိယတ္တိစာသင်တိုက်၌  စာသင်သားသံဃာ(၅၀)ဦးအား အစာမကြေရောဂါ (အာမဇိဏ္ဏ)ရောဂါအကြောင်းအသိပညာပေးဟောပြောခဲ့ပြီး စာသင်သားသံဃာ စုစုပေါင်း(၆၈)ဦးအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒေါ်ပြည့်ပြည့်ဖြိုးသည် ကျန်းမာရေးဦးစီးဌာန ကြက်ခြေနီအသင်းတို့နှင့်ပူးပေါင်း၍ ၁-၁၁-၂၀၂၃ ရက်နေ့တွင် လှည်းကူးမြို့ ဝါးရုံတောသာသနပါလ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်နိုင်ငံတော်သံဃမဟာနာယက အဂ္ဂမဟာ ပဏ္ဌိတ ဒေါက်တာဘဒ္ဒန္တဝိသုတာဘိဝံသ၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားတွင် သွားရောက်၍  ကျား(၁၀)ဦး  မ(၁၅)ဦးအားအခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး ​မြောက်ပိုင်းခရိုင်ဥက္ကံ(တိုက်ကြီး)မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးစောမင်းထွန်းနှင့်အဖွဲ့သည် ၁-၁၁-၂၀၂၃ ရက်နေ့တွင် ဥက္ကံမြို့ပုပ္ပါရုံမဟာစည်သာသနာ့ရိပ်သာ၌ (ကျား)၁၅ဦး (မ)၂၅ဦး စုစုပေါင်း(၄၀)ဦးအားအခမဲ့ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ (၂၇.၁၀.၂၀၂၃)ရက်နေ့ မှ (၃၀.၁၀.၂၀၂၃)ရက်နေ့ထိ ပြည်သူ့ ရင်ပြင်တွင် ကျင်းပပြုလုပ်သည့် သီးတင်းကျွတ်မီးထွန်းပွဲတော်တွင် တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ ရန်ကုန်တို့ ပူးပေါင်း၍ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးကုသမှုဆောင်ရွက်ပေးခဲ့ရာတွင် စုစုပေါင်းလူနာ(၅၉)ဦးအား ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း