ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် တိုင်းရင်းဆေးကုဌာနနှင့် အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ရည်မွန်အောင်ဦးဆောင်သောကွင်းဆင်းအဖွဲ့သည် ၂-၁၁-၂၀၂၃ ရက်နေ့တွင် အလုံမြိုနယ်ဇောတနာရာမ ပရိယတ္တိစာသင်တိုက်၌ စာသင်သားသံဃာ(၅၀)ဦးအား အစာမကြေရောဂါ (အာမဇိဏ္ဏ)ရောဂါအကြောင်းအသိပညာပေးဟောပြောခဲ့ပြီး စာသင်သားသံဃာ စုစုပေါင်း(၆၈)ဦးအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။