ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ (၂၇.၁၀.၂၀၂၃)ရက်နေ့ မှ (၃၀.၁၀.၂၀၂၃)ရက်နေ့ထိ ပြည်သူ့ ရင်ပြင်တွင် ကျင်းပပြုလုပ်သည့် သီးတင်းကျွတ်မီးထွန်းပွဲတော်တွင် တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ ရန်ကုန်တို့ ပူးပေါင်း၍ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးကုသမှုဆောင်ရွက်ပေးခဲ့ရာတွင် စုစုပေါင်းလူနာ(၅၉)ဦးအား ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။