ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒေါ်ပြည့်ပြည့်ဖြိုးသည် ကျန်းမာရေးဦးစီးဌာန ကြက်ခြေနီအသင်းတို့နှင့်ပူးပေါင်း၍ ၁-၁၁-၂၀၂၃ ရက်နေ့တွင် လှည်းကူးမြို့ ဝါးရုံတောသာသနပါလ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်နိုင်ငံတော်သံဃမဟာနာယက အဂ္ဂမဟာ ပဏ္ဌိတ ဒေါက်တာဘဒ္ဒန္တဝိသုတာဘိဝံသ၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားတွင် သွားရောက်၍ ကျား(၁၀)ဦး မ(၁၅)ဦးအားအခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။