တနင်္သာရီတိုင်းဒေသကြီး (၂၅)ခုတင်ဆံ့၊ မြိတ်တိုင်းရင်းဆေးရုံမှ မြိတ်ခရိုင်မှူး ဒေါ်ဝါဝါနှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်မာကြူတို့သည် ၁၉-၁၀-၂၀၂၃ ရက်နေ့တွင် မြိတ်ဘိုးဘွားရိပ်သာ၌ တိုင်းရင်းဆေးများဖြင့်အဘိုး (၅)ဦး အဘွား(၈)ဦး စုစုပေါင်း(၁၃)ဦးအားအခမဲ့ ဆေးကုသမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန ဟိုပင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်အေးစုစုချစ်နှင့် ဆေးခန်းအကူတို့သည် ဟိုပင်မြို့၊ မြို့သစ်ကလေးကျေးရွာတရားစခန်း၌ ကွင်းဆင်း ဆေးကုသပေးခဲ့ရာလူကြီးကျား(၁၀)ဦး လူကြီးမ(၆၃)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပြည်ဆန်လှူအသင်းကြီး၏ နှစ်စဉ် ကျင်းပမြဲ ဖြစ်သော (၄၂)ကြိမ်မြောက်ဆွမ်းဆန်တော် လောင်းလှူပွဲတွင် (၂၂.၁၀.၂၀၂၃) ရက်နေ့ တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်ချက်အရ တောင်တန်းတောရ စာသင် တိုက်များ အားပင့်ဖိတ်၍ ဆွမ်းဆန်တော်များအပါအဝင် ဆန်၊ ဆီ၊ပဲ ၊ဆား ၊ဆေး နှင့် ဝတ္တုငွေများ လောင်းလှူ ပူဇော်ပွဲအခမ်းနားတွင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝတ္တုငွေနှင့် တိုင်းရင်း ဆေးဝါးများလှူဒါန်းခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးတိုင်းဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်ဖြူးမြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ၂၂-၁၀-၂၀၂၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးတိုင်းဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်ဖြူးမြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်း၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်ဝင်းတို့သည် မြို့နယ်တိုင်းရင်းဆေးခန်းမှ မြို့နယ်တိုင်းရင်းဆေးခန်းမှူး ဆရာမဒေါ်ဝင်းဝင်းအေးနှင့်ပူးပေါင်း၍ ဖြူးမြို့ သိမ်ကုန်းရပ်ကွက်မြို့ အရှေ့ဘုန်းကြီးကျောင်း၌ ကွင်းဆင်းဆေးကုသခြင်းနှင့်ပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ရာ ၂၆၅ ဦးအား သွေးတိုး၊ ဆီးချိုရောဂါ နှင့် ဆောင်ရန် ရှောင်ရန်များအေကြာင်းဟောပြာခဲ့ပြီး ကျား(၂၃)ဦးမ(၄၁)ဦးစုစုပေါင်း(၆၄)ဦးအားဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။