the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၁၆-၁၀-၂၀၂၃ ရက်နေ့တွင် ရေနံချောင်းကျောင်းတိုက်တရားစခန်းပွဲညောင်တုန်းမြို့၌ ကွင်းဆင်းဆေးကုသခဲ့ရာတွင် ကျား ၉ ဦး၊  မ ၂၆ ဦး စုစုပေါင်းလူနာ ၃၅ ဦးအား ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၉.၁၀.၂၀၂၃) ရက်နေ့တွင်လင်းဝင်းကြီးကျေးရွာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာတွင် ကျား(၁၅)ဦး မ(၁၃)ဦး စုစုပေါင်း(၂၈)ဦးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၅.၁၀.၂၀၂၃ ရက်နေ့တွင် ဆီဆုံကုန်းကျေးရွာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား ၁၆ ဦး၊ မ ၂၂ ဦး လူနာစုစုပေါင်း ၃၈ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် တိုင်းရင်းဆေးကုဌာနနှင့် အလုံမြို့နယ် တိုင်းရင်းဆေးကုဌာန တို့ပူးပေါင်းပြီး ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ​ဒေါ်စန္ဒာအေး ဦးဆောင်၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေး၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စိုးစိုးဦး တို့ပါဝင်သော ကွင်းဆင်းအဖွဲ့သည် ၁၉.၁၀.၂၀၂၃ ရက်နေ့ နေ့လည် ၁၁:၃၀ မှ  ၁:၃၀အထိ၊ အလုံပရိယတ္တိပါဠိတက္ကသိုလ် စာသင်တိုက်၌ စာသင်သားရဟန်းသံဃာ ၂၁ ပါးအား ရာသီပြောင်းတွင်ဖြစ်ပွါးတတ်သော မျက်စိနာရောဂါ အကြောင်းအား အသိပညာပေးဟောပြောခဲ့ပြီး၊ သံဃာ ၃၄ ပါးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ