ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန ကျောက်ဖြူခရိုင် တိုင်းရင်းဆေးကုဌာန ကျောက်ဖြူမြို့မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်ဝင်းရွှေ ဦးဆောင်ပါဝင်သော အဖွဲ့သည် ၂၂-၁၀-၂၀၂၃ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ အထက်ပြင်ကျေးရွာ၌ ကျားကြီး(၁၀)ဦး၊ မကြီး(၂၇)ဦး၊ ကျားလေး(၁)ဦးနှင့် မလေး(၁)ဦး၊စုစုပေါင်း(၃၉)ဦးတို့အား ကွင်းဆင်းဆေးကုသပေးခြင်း၊ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၂၂.၁၀.၂၀၂၃ ရက်နေ့တွင် တာချီလိတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာမ ၂ ဦးသည် တာချီလိတ် မြို့ ပရဟိတ လူငယ်ဂေဟာ၌ ကျား ၂၃ ဦး နှင့် မ ၃၃ ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဟသ်ာတခရိုင် ဇလွန်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၂၁-၁၀-၂၀၂၃ ရက်နေ့တွင် ခင်မင်ကုန်းကျေးရွာဓမ္မာရုံ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား ၁၂ ဦး မ ၃၈ ဦး စုစုပေါင် ၅၀ ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး သွေးတိုးရောဂါအကြောင်းကို လူဦးရေ ၂၅ ဦးအား ကျန်းမာရေးပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာမှူး၏လမ်းညွှန်ချက်အရ သဲကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးမော်သည် (၂၂.၁၀.၂၀၂၃)ရက်နေ့ နံနက် ၈ နာရီတွင် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိူးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်လှလှရွှေတို့နှင့်ပူးပေါင်း၍ သီတဂူစာသင်တိုက်ကျောင်း၌ စာသင်သံဃာတော်(၇၅)ပါးအားကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။