the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဟေမာသန်းထွန်းနှင့်အဖွဲ့သည် (၁၇.၁၀.၂၀၂၃)ရက်နေ့တွင် ထန်းတပင်မြို့နယ်၊ကလိန်ကျေးရွာ၌ လူကြီး(ကျား)-၅ဦး၊ ကလေး(ကျား)-၃ဦး၊ လူကြီး(မ)-၃၂ဦး၊ စုစုပေါင်း(၄၀)ဦးတို့အား အခမဲ့ကွင်းဆင်း ဆေးကုသပေးခဲ့ပြီး  ရာသီအကူးအပြောင်းတွင်ဖြစ်တတ်သောရောဂါများနှင့် ကုသနိုင်သော ဆေးဖက်ဝင် အပင်များ အကြောင်းအားအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များလည်းပေးဝေခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန  (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံပေါင်းတည်မြို့မှ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ၁၇-၁၀-၂၀၂၃. ရက်နေ့တွင် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ပေါင်းတည်မြို့မှ ဒုတိယဆေးရုံအုပ် ဒေါ်လွင်လွင်အေးနှင့် အငယ်တန်း စာရေးဦးကျော်လင်းစိုးတို့သည် ပေါင်းတည်ဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသရာ လူနာ မ ၂၂ ဦးအား အခမဲ့ကွင်းဆင်းဆေးကုသပေးခဲ့ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၇.၁၀.၂၀၂၃ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေမျိုးမြတ် သည် မော်ရွာ ကျေးရွာ အခြေခံ မူလတန်းကျောင်း၌ ကျောင်းကျန်းမာရေး ပညာပေးဆောင်ရွက်ခဲ့ပြီး တိုင်းရင်းဆေးဝါးများလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ကချင်ပြည်နယ် မိုးကောင်း(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒေါ်ဇင်မာအောင်(ဆေးရုံအုပ်)နှင့် ဝန်ထမ်းများသည် (၁၅၊၁၀၊၂၀၂၃)ရက်နေ့တွင် မိုးကောင်းမြို့လယ်သစ်ကွင်းတောရကျောင်းတိုက်၌ ကွင်းဆင်းဆေးကုသပေးခဲ့ရာ လူကြီးကျား(၁၀) ဦးလူကြီး မ(၅၇)ဦး စုစုပေါင်း(၆၇)ဦးအားကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း