ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဟေမာသန်းထွန်းနှင့်အဖွဲ့သည် (၁၇.၁၀.၂၀၂၃)ရက်နေ့တွင် ထန်းတပင်မြို့နယ်၊ကလိန်ကျေးရွာ၌ လူကြီး(ကျား)-၅ဦး၊ ကလေး(ကျား)-၃ဦး၊ လူကြီး(မ)-၃၂ဦး၊ စုစုပေါင်း(၄၀)ဦးတို့အား အခမဲ့ကွင်းဆင်း ဆေးကုသပေးခဲ့ပြီး ရာသီအကူးအပြောင်းတွင်ဖြစ်တတ်သောရောဂါများနှင့် ကုသနိုင်သော ဆေးဖက်ဝင် အပင်များ အကြောင်းအားအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များလည်းပေးဝေခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။