ပဲခူးတိုင်းဒေသကြီး ၁၆ ခုတင်ဆံ့ ညောင်လေးပင်တိုင်ရင်းဆေးရုံမှ ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး၏ ဦဆောင်လမ်းညွှန်မှုဖြင့် ညောင်လေးပင်တိုင်ရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်ရီရီဝင်းနှင့် အကြီးတန်းစာရေး ဒေါ်ခိုင်သဇင်ဦးတို့သည် မြောက်ကျောင်းဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ အခမဲ့ဆေးဝါးများ ဆောင်ရွက်ရာတွင် ကျား(၁၀)ဦး မ(၃၅)ဦး စုစုပေါင်း(၄၅)ဦးနှင့် ဆီးချိုရောဂါအကြောင်းပညာပေး ဟောပြောခြင်း ကို (၆၅)ဦးအား ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ခင်ခင်မြင့်သည် ၁၅.၁၀..၂၀၂၃ ရက် နံနက်၁၀နာရီတွင် သနပ်ပင်မြို့အောင်ချမ်းသာဘုရားရှိ ရေဘေးကယ်ဆယ်ရေးစခန်း၌ ကျား(၅)ဦး၊ မ(၃၀)ဦး၊ စုစုပေါင်း(၃၅) ဦးအား ကွင်းဆင်းဆေးကုခြင်းပြုလုပ်ခဲ့ပြီး ရွှေသမင်ဖယောင်းချက်ဘူး ၅၀ ဘူး အား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကော့သောင်း မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးမောင်မောင်မြင့်ဦးသည် ကော့သောင်းမြို့ (အ.ထ.က)ခွဲ လ(၂)ကျောင်း၌ (၉.၁၀.၂၀၂၃)ရက်နေ့တွင် ကျောင်းသူ/ကျောင်းသားများအား တိုင်းရင်းဆေးပညာသိကောင်းစရာများနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျောက်ဖြူခရိုင် တိုင်းရင်းဆေးကုဌာနမှ ကျောက်ဖြူမြို့မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်ဝင်းရွှေ ဦးဆောင်ပါဝင်သောအဖွဲ့သည် ၁၅-၁၀-၂၀၂၃ ရက်နေ့တွင် ကျောက်ဖြူမြို့ရှိ ဘိုးဘွားရိပ်သာ၌ ကျားလူကြီး(၃)ဦး၊ မလူကြီး(၁၃)ဦး စုစုပေါင်း (၁၆)ဦးတို့အား ကွင်းဆင်းဆေးကုသပေးခဲ့ပြီး အဘိုး၊အဘွား (၁၆) ဦးတို့အား ကျန်းမာရေးအသိပညာပေး ဟောပြောမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။