ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၃-၁၀-၂၀၂၃ ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှုး၏လမ်းညွှန်မှုဖြင့် ညောင်လေးပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြိုနယ်တိုင်းရင်းဆေးမှုး ဒေါ်ခင်သိန်းဌေးဦးနှင့် လက်ထောက်တိုင်းရင်းဆေးမှုး ဦးငြိမ်းမောင်မောင်ဦးတို့သည် ပြွန်တန်ဆာမြို့ ဘိုးဘွားရိပ်သာ၌ ကျား ၃ ဦး မ၂၈ ဦး စုစုပေါင်း ၃၁ဦးအား အခမဲ့ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဦးစီဌာန ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ရွှေကျင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်အိမွန်ဦးနှင့် လက်ထောက်တိုင်းရင်းဆေးမှုး ဒေါ်အေးသူသူဝင်းတို့သည် ၁၃-၁၀-၂၀၂၃ ရက်နေ့တွင်မူလွန်ပျဥ်းမပင်ကျောင်း ၌ ကျား ၁၀ ဦး မ ၁၅ ဦးအား အခမဲ့ကွင်းဆင်းဆေးကုသမှု့ပေးခဲ့ပြီ: မျက်စိနာရောဂါအကြောင်းကို ကျောင်းသား/ကျောင်းသူ ၄၀ ဦးအား ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းးဆေးမှူးဒေါ်၀င်း၀င်းးမြိုင်သည် တောင်ကုတ်မြို့ ဘိုးဘွားရိပ်သာ၌ ၁၃-၁၀-၂၀၂၃ ရက်နေ့တွင် ကျား ၁၀ ဦး မ ၄၀ ဦး စုစုပေါင်း ၅၀ ဦး တို့အား တိုင်းရင်းဆေးဖြင့် အခမဲ့ ဆေးကုသမှုနှင့် ကျန်းမာရေးပညာပေးပောာပြောခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ပဲခူးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွန်မှုဖြင့် သနပ်ပင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၁၁.၁၀.၂၃ရက်နေ့ညနေ၃နာရီတွင် မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ခင်ခင်မြင့်သည် သနပ်ပင်မြို့ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ကျား ၆ ဦး၊ မ ၁၄ ဦး၊ စုစုပေါင်း ၂၀ ဦအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။