ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်ခရိုင် ဝက်ထီးကန်မြို့ တိုင်းရင်:ဆေးကုဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၁၃.၁၀.၂၀၂၃)ရက်နေ့တွင် ပြည်ခရိုင် ဝက်ထီးကန်မြို့ တိုင်းရင်:ဆေးကုဌာနမှမြို့နယ် တိုင်းရင်ဆေးမှူး ဦးနေထွန်းသည် ဝက်ထီးကန်မြို့ ပနီပင်ကျေးရွာ၌ ကွင်းဆင်းဆေးကုသရာလူနာ ကျား (၆)ဦး မ (၁၄)ဦး စုစုပေါင်း (၂၀)ဦးအား အခမဲ့ ကွင်းဆင်း ဆေးကုသမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်ချောထက် ဦးဆောင်၍ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သဥ္ဇာထွန်း ၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်သန္တာငြိမ်း၊ အငယ်တန်းစာရေး ဒေါ်ကြူကြူဝင်း တို့ပါဝင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် (၁၃.၁၀.၂၀၂၃) ရက် (သောကြာနေ့)တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီး သက်မွေးသင်တန်းကျောင်း၌ နေ့လယ်(၁၂)နာရီမှ ညနေ(၃)နာရီအထိ၊ ရင်သားအကျိတ်နာရောဂါအကြောင်းအရာ ခေါင်းစဥ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းခဲ့ပြီး ဟောပြောပွဲတက်ရောက်သူဦးရေ (၄၅)ဦး တက်ရောက်ခဲ့ကာ စုစုပေါင်းလူနာ မ(၄၅)ဦးတို့အား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေကြီး ပြည်ခရိုင် ပေါင်းတလည် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၃.၁၀.၂၀၂၃)ရက်နေ့ တိုင်းရင်းဆေးပညာဦးစီးဌာန ပဲခူးတိုင်းဒေကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ပေါင်းတလည် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဝင်းသည် ခွေးရဲ(ရွာမ) ကျေးရွာ၌ သွားရောက်၍ အခမဲ့ကွင်းဆင်းဆေးကုသပေးခဲ့ရာ ကျား ၇ ဦး မ ၂၀ဦး စုစုပေါင်း၂၇ဦး တို့အား ဆေးကုသမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ (၁၆) ခုတင်ဆံတိုင်းရင်းဆေးရုံမှ (၁၃.၁၀.၂၀၂၃) ရက်နေ့ တိုင်းရင်းဆေးပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ကြို့ပင်ကောက်မြို့(၁၆) ခုတင်ဆံတိုင်းရင်းဆေးရုံမှ ဒုတိုင်းရင်းဆေးမှူး ဒေါ်ဆွေဇင်ဖြိုး၊ဒုတိုင်းရင်းဆေးမှူး ဒေါ်ဇင်ဇာလီထက်၊ အငယ်တန်းစာရေး ( ၃ )ဦးတို့သည်ရွှေကြို့မြေဘိုးဘွားရိပ်သာ၌ လူနာကျား ( ၉ )ဦး ၊ မ ( ၁၃ )ဦး စုစုပေါင်း( ၂၂ ) ဦး တို့အား အခမဲ့ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။