ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ (၁၆) ခုတင်ဆံတိုင်းရင်းဆေးရုံမှ (၁၃.၁၀.၂၀၂၃) ရက်နေ့ တိုင်းရင်းဆေးပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ကြို့ပင်ကောက်မြို့(၁၆) ခုတင်ဆံတိုင်းရင်းဆေးရုံမှ ဒုတိုင်းရင်းဆေးမှူး ဒေါ်ဆွေဇင်ဖြိုး၊ဒုတိုင်းရင်းဆေးမှူး ဒေါ်ဇင်ဇာလီထက်၊ အငယ်တန်းစာရေး ( ၃ )ဦးတို့သည်ရွှေကြို့မြေဘိုးဘွားရိပ်သာ၌ လူနာကျား ( ၉ )ဦး ၊ မ ( ၁၃ )ဦး စုစုပေါင်း( ၂၂ ) ဦး တို့အား အခမဲ့ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။