the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ပဲခူးတိုင်း​ဒေသကြီး တိုင်းရင်း​ဆေးပညာဦးစီးဌာန တိုင်း​ဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ၁၁.၁၀.၂၀၂၃ ​ရက်နေ့တွင် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ​ဒေါ်တင်နွယ်နွယ်ဝင်း၊ ရုံးအကူ ဦး​စောနိုင်ဝင်းထွေးတို့သည် ဂုံမင်းမြောင်ကျေးရွာ၌ အခမဲ့ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ကျား၁၂ ဦး၊ မ၈ ဦး၊ စုစုပေါင်း ၂၀ဦးတို့အားကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ဥက္ကံ (တိုက်ကြီး) မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြိုနယ်တိုင်းရင်းဆေးမှူးဦး​စောမင်းထွန်း ဦးဆာင်သောအဖွဲ့သည် (၁၁-၁၀-၂၀၂၃) ရက်နေ့တွင် ဥက္ကံဦး​မောင်ရုံးဘိုးဘွားရိပ်သာ၌ အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်းနှင့်​ သွေးတိုး​ရောဂါအကြောင်းဟောပြောခဲ့ပြီး လူကြီးကျား(၇)ဦး၊ မ(၁၃) ဦး၊ စုစုပေါင်း(၂၀)ဦးအား ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်း​ဒေသကြီး၊ ​(၁၆)ခုတင်ဆံ့ တိုင်းရင်း​ဆေးရုံ၊ ​မော်လမြိုင်ကျွန်းမြို့မှ ၁၁-၁၀-၂၀၂၃ ရက်​နေ့တွင် ​ဝေဇယန္တာကျောင်းတရားစခန်း၌ ကွင်းဆင်း​ဆေးကုသရာ လူနာ ကျား ၈ ဦး၊ မ ၃၅ ဦး၊ စုစု​​ပေါင်းလူနာ ၄၃ ဦးအား ​ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၁.၁၀.၂၀၂၃) ရက်နေ့ ကေသရဝတီ ဘကကျောင်း၌ ကျောင်းသား၊ ကျောင်းသူများကို နေ့တွင် တိုင်းရင်းဆေးဖြင့် ကျောင်းကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်းမှ မိုးရာသီတွင်ဖြစ်ပွားသောရောဂါများနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး အကြောင်းအသိပညာပေးဟောပြောခဲ့ပါကြောင်းနှင့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးမှုလုပ်ဆောင်ပေးခဲ့ပြီး လူကြီး( မ ) ၃၅ ဦး၊ ကလေး(ကျား) - ၁ဝ ဦး၊ ကလေး(မ) ၆၂ ဦး၊ စုစုပေါင်း ၁၀၇ ဦး တို့အား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွင် လိုအပ်သည်များကို သီလရှင်ဆရာကြီး ဒေါ်ဥတ္တရာမှ ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း