the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၁၀.၁၀.၂၀၂၃)ရက်နေ့ တွင် ရေစခန်းတိုက်နယ်    အ.ထ.ကစာသင်ကျောင်း၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား(၉၀)ဦး ၊မ(၄၀)ဦး လူနာစုစုပေါင်း (၁၂၀)ဦးအား ကွင်းဆင်းကုသပေးခဲ့ပြီး မျက်စိရောဂါနှင့်ဆေးဖက်ဝင် အပင်များအကြောင်း ကိုလူဦးရေ (၇၀)ဦးအား ကျန်းမာရေးပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးစိုးလင်းသည် ၉-၁၀-၂၀၂၃ ရက်နေ့တွင် အ.ထ.က၊ကျုံကလွတ်သို့ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား ၁၀ ဦး   မ ၁၂ ဦး  စုစုပေါင်းလူနာ ၂၂ ဦး အား ကွင်းဆင်းဆေးကုသပေးခဲ့ပါသည်။ရောဂါမူလံအဇိဏ္ဏကံအကြောင်းကို ကျောင်းသား/ ကျောင်းသူ (၃၃၇)ဦး အား ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၁.၁၀.၂၀၂၃) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ပန်းတောင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်လှတိုးသည် ဝန်လိုရပ်ကွက် မူလွန်ကျောင်း၌ ကွင်းဆင်းကုသမှုဆောင်ရွက်ခဲ့ရာ ကျား(၂၁)ဦး မ(၃၅)ဦး စုစုပေါင်း(၅၆)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး  ကျောင်းသားကျောင်းသူ(၉၉)ဦးအား ချောင်းဆိုးရင်ကြပ်ရောဂါအကြောင်း သိကောင်းစရာခေါင်းစဥ်ဖြင့်အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦး ဦးဆောင်ပြီး အကြီးတန်းစာရေးဒေါ်ခင်မေသက်တို့အဖွဲ့သည် ၁၂.၁၀.၂၀၂၃ ရက်၊ ကြာသပတေးနေ့၊နံနက်၉နာရီမှ ၁၁နာရီအထိကျောက်ပန်းတောင်းမြို့ရှိ ဈေးကွက်သစ်ရပ်ကွက်မူလတန်းကျောင်းတွင်  တုတ်ကွေး ရောဂါအကြောင်း  ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ခြင်း ၆၀ ဦးနှင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်း  အမျိုးသားလူနာ ကျားလူကြီး ၃ ဦး မလူကြီး ၁၁ ဦး  ကျားကလေး ၆ ဦး၊ မကလေး ၄ ဦး စုစုပေါင်း ၂၄ ဦးတို့ အား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ