ဧရာဝတီတိုင်းဒေသကြီး ဟသ်ာတခရိုင် ဇလွန်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၂၁-၁၀-၂၀၂၃ ရက်နေ့တွင် ခင်မင်ကုန်းကျေးရွာဓမ္မာရုံ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား ၁၂ ဦး မ ၃၈ ဦး စုစုပေါင် ၅၀ ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး သွေးတိုးရောဂါအကြောင်းကို လူဦးရေ ၂၅ ဦးအား ကျန်းမာရေးပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။