မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၇.၁၁.၂၀၂၃ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေယံမြင့်နှင့်အဖွဲ့သည် စားသုံးသူရေးရာဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပေါက်ကုန်း အ.ထ.ကခွဲ ကျောင်းမှ ကျောင်းသား/ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း၊ တိုင်းရင်းဆေးဝါးများ ဝယ်ယူသုံးစွဲရာ တွင်သိရှိလိုက်နာရမည့်သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး (၄၀)ဦးအား တိုင်းရင်းဆေး ဖြင့် အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။