ဧရာဝတီတိုင်းဒေသကြီး၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ မော်လမြိုင်ကျွန်းမြို့မှ ၁-၁၁-၂၀၂၃ ရက်နေ့တွင် ကွမ်းခြံချောင်းကျေးရွာ၌ ကွင်းဆင်းဆေးကုသရာ လူနာ ကျား ၂၈ဦး၊ မ ၆၄ ဦး စုစုပေါင်း ၉၂ ဦး အားကွင်းဆင်း ဆေးကုသပေးခဲ့ပြီး စုစုပေါင်းလူဦးရေ ၃၀ အား ခါးနာရောဂါအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။