ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၂၆-၁၀-၂၀၂၃ ရက်နေ့ နံနက် ၉း၀၀ နာရီမှစ၍ ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးချစ်နှင့် ပြည်တိုင်းရင်းဆေးရုံမှ အငယ်တန်းစာရေး ဒေါ်ဝေမာလွင်သန်းတို့သည် ပြည်မြို့ရွာဘဲရပ်ကွက် ယဉ်ပေါင်စာတိုက်သစ်တောရကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒန္တပဏ္ဍိတနန္ဒ၏ အန္တိမဈာပန၌ လူနာဦးရေကျား ၂၄ ဦး၊ မ၂၆ ဦး စုစုပေါင်း ၅၀ ဦး အားကျန်းမာရေးစောင့်ရှောက်မှုပေး ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။