ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၂၆.၁၀.၂၀၂၃ ရက်နေ့တွင် သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုးဒေါငြိမ်းငြိမ်းစိုးနှင့် ကြို့ပင်ကောက်မြို့နယ်တိုင်းရင်းဆေးကုဌာနမှမြို့နယ်တိုင်းရင်းဆေးမှုးဦးသက်လုံဦးတို့သည် အုတ်ဖိုမြို့နယ် လယ်ပြင်ကျောင်းတိုက်ရှိ တရားစခန်း၌ အခမဲ့ကွင်းဆင်းဆေးကုသမှုပေးခဲ့ပြီး လူနာကျား ၅ ဦး မ ၅၅ ဦး စုစုပေါင်း ၆၀ဦးအားကုသမှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။