ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှူး၏ လမ်းညွှန်ချက်ဖြင့် ၁၉-၁၀-၂၀၂၃ ရက်နေ့တွင် နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ညို သည် ကူဖြူကျေးရွာ၌ အခမဲ့ကွင်းဆင်းဆေးကုသရေးဆောင်ရွက်ရာ အမျိုးသား (၁၆)ဦး နှင့် အမျိုးသမီး(၂၁) ဦးစုစုပေါင်း (၃၇)ဦးတို့အားဆေးကုသမှူပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။