ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် တိုင်းရင်းဆေးကုဌာနနှင့် အလုံမြို့နယ် တိုင်းရင်းဆေးကုဌာန တို့ပူးပေါင်းပြီး ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စန္ဒာအေး ဦးဆောင်၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေး၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စိုးစိုးဦး တို့ပါဝင်သော ကွင်းဆင်းအဖွဲ့သည် ၁၉.၁၀.၂၀၂၃ ရက်နေ့ နေ့လည် ၁၁:၃၀ မှ ၁:၃၀အထိ၊ အလုံပရိယတ္တိပါဠိတက္ကသိုလ် စာသင်တိုက်၌ စာသင်သားရဟန်းသံဃာ ၂၁ ပါးအား ရာသီပြောင်းတွင်ဖြစ်ပွါးတတ်သော မျက်စိနာရောဂါ အကြောင်းအား အသိပညာပေးဟောပြောခဲ့ပြီး၊ သံဃာ ၃၄ ပါးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။