မကွေးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါ်တင်တင်ဝေ၊ ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သန်းနိုင်အေး၊ မကွေးမြို့နယ် တိုင်းရင်းဆေးမှူး ဦးဇေယျာမင်းအောင်တို့အဖွဲ့သည် မကွေးမြို့နယ်ခေမာသီရိသီလရှင်စာသင်တိုက်ရှိ သီလရှင်(၁၉)ပါး၊ အမျိုးသားလူနာ(၁)ဦး၊ အမျိုးသမီးလူနာ(၁၀)ဦး၊ စုစုပေါင်း(၃၀)ဦးတို့အား တိုင်းရင်းဆေးဖြင့် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။