ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင် ဦးဆောင်သော အဖွဲ့သည် (၁၃.၁၀.၂၀၂၃)ရက်နေ့တွင် မြို့မ(၄)ရပ်ကွက်၊ ဒလသင်္ဘောကျင်းရှိ ဝန်ထမ်းများကို တိုင်းရင်းဆေးဖြင့် အခမဲ့ ကျန်းမာရေးစစ်ဆေးမှုဆောင်ရွက်ရာတွင် ကွင်းဆင်းဆေးကုသပေးခဲ့သော လူနာဦးရေမှာလူကြီး( ကျား) ၁၈ ဦး၊ လူကြီး( မ ) ၁၇ ဦး၊ စုစုပေါင်း - ၃၅ ဦး တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။