the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းပြီး တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းပြီး မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးသည်  (၁၂.၁၀.၂၀၂၃)ရက်နေ့တွင် အ.ထ.က ဘုရားကြီးကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲသို့ တက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲတွင် စာမေးပွဲနီးနေပြီဖြစ်သောကြောင် ကျန်းမာရေးဂရုစိုက်ရန်၊ အိပ်ရေးပျက်ခံခြင်းများ ရှောင်ရှားရန်၊မျက်စိနာခြင်း၊ မျက်မြှေးရောင်ခြင်းများဖြစ်ပွားနေသောကြောင့် ထိုသို့မဖြစ်အောင်ရှောင်ရန်ဆောင်ရန်များဟောပြောခဲ့ရာတွင် တက်ရောက်သူ ဦးရေမှာ ၁၀၀ဦးခန့်ရှိကြောင်းနှင့် ဟောပြောပွဲအပြီးတွင်ကျောင်းသူကျောင်းသားဆရာမများကိုကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာ လူကြီး  ကျား(၈) ဦး  (မ) ၄၂ဦး စုစုပေါင်း  ၅၀ဦး ကိုကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်