ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ပြည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၉.၁၀.၂၀၂၃)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်အေးအေးချစ်သည်ခေတ္တရာဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသရာကျား(၆) ဦး၊ မ(၁၅)ဦး စုစုပေါင်း ဘိုးဘွား(၂၁)ဦးအားဆေးကုသမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။