ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မာန်အောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးမြင့်ဦး ဦးဆောင်ပါဝင်သောအဖွဲ့သည် (၈-၁၀- ၂၀၂၃ ) ရက်နေ့တွင်မာန်အောင်မြို့နယ် ဘဲအင်းအုပ်စု ခုံရွာကျေးရွာမူလွန်ကျောင်း၌ လူကြီးကျား (၁၀) ဦး လူကြီးမ (၃၅) ဦး၊ ကလေးကျား (၄) ဦး၊ ကလေးမ (၆) ဦး စုစုပေါင်း (၅၅) ဦးတို့အား ကွင်းဆင်းဆေးကုသခဲ့ပြီး ကျေးလက်နေပြည်သူ ၅၅ ဦးတို့အား ကျန်းမာရေး ပညာပေး ဟောပြောမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။