ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်ခရိုင် ရွှေတောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၅.၁၀.၂၀၂၃)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာအောင်သည် ရွှေတောင်မြို့နယ် ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဦးစီးဌာန,စားသုံးသူရေးရာဦးစီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရွှေတောင်မြို့ကြာနီကန်ရပ်ကွက်ရှိ (အမကယောဒေါင့်)ကျောင်းသို့ သွားရောက်ကာ တိုင်းရင်းဆေးဝါးသုံးစွဲသူများသိကောင်းစရာအကြောင်းကို ကျောင်းသား/ကျောင်းသူ(၅၂)ဦးအားအသိပညာပေးဟောပြောခဲ့ပါသည်။ ထို့နောက် (အမကလှိုင်မြရှင်)ကျောင်းတွင် ကျောင်းသား/ကျောင်းသူ(၅၈)ဦးအား အဆုတ်ရောင်ရောဂါအကြောင်းအသိပညာပေးဟောပြောခဲ့ ကြောင်း သိရသည်။