ရခိုင်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်ဝင်းရွှေ ဦးဆောင်ပါဝင်သော အဖွဲ့သည် ၁-၁၀-၂၀၂၃ ရက်နေ့တွင် ကျောက်ဖြူမြို့ရှိ ငလပွေ့ ရပ်ကွက်၌ ကျားကြီး(၄)ဦး၊ မကြီး(၃၇) ဦး၊ ကျားလေး (၁)ဦး၊ စုစုပေါင်း(၄၂)ဦးအား ကွင်းဆင်းဆေးကုသပေးခဲ့ပြီး ပြည်သူလူထု (၄၂) ဦးတို့အား ကျန်းမာရေးအသိပညာပေး ဟောပြောမှု ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။