မန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၂၇.၉.၂၀၂၃ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်း ဦးဆောင်သောအဖွဲ့သည် မြစ်သားမြို့နေရှင်နယ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကွင်းဆင်းခဲ့ရာ လူဦးရေ(၁၀၃)ဦးအား ကျန်းမာရေးပညာပေးဟောပြောခဲ့ပြီး လူဦးရေ(၉၀)ဦးအား အခမဲ့ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။