ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ ၁၆ ခုတင်ဆံ တိုင်းရင်းဆေးရုံမှ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ၂၃-၉-၂၀၂၃ ရက်နေ့တွင် ဖြူးမြို့ ၁၆ခုတင်ဆံ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်း၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်ဝင်း၊ အကြီးတန်းစာရေး ဒေါ်မြစန်းအေးတို့သည် မြို့နယ်တိုင်းရင်းဆေးခန်းမှ ဆေးခန်းမှူး ဆရာမဒေါ်ဝင်းဝင်းအေးနှင့်ပူးပေါင်း၍ ဝတီးကျေးရွာ ဘုန်းတော်ကြီးသင်စာသင်ကျောင်း၌ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ဆေးကုသမှုဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူ ၁၂၃ ဦဦး အား တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းနှင့် မီးဖိုချောင်သုံးဆေးဖက်ဝင်အပင်များအကြောင်းဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူနှင့် ဆရာမစုစုပေါင်း ၆၀ဦး တို့ အား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။