ပဲခူးတိုင်းဒေသကြီး ( ၁၆ )ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၊ ကြို့ပင်ကောက်မြို့ မှ ဆေးရုံအုပ် ဒေါ်နှင်းထိုက်တိုးသည် ၁၈-၉-၂၀၂၃ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး TALK SHOW ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။