၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေး ရေးအစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ပြည်ခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ဝါဝါအောင်မှ ဆောင်ရွက်ပြီး အခမ်အနားမှုးအဖြစ် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဝင်းမှ ဆောင်ရွက်ကာ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တိုင်းရင်းဆေးကုဌာနမှ ရွှေတောင်မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်နီလာမြင့်မှ လက်ကပ်ရောဂါ စာတမ်းကို ဖတ်ကြားတင်ပြခဲ့ပြီး အခမ်းအနားသို့ တက်ရောက်သူ ဦးရေမှာ (၁၇)ဦး ရှိပါကြောင်းနှင့် တက်ရောက်သူများ၏ ဆွေးနွေးအကြံပြုချက်များကို အကြီးတန်းစာရေး ဒေါ်ဝေမာထွန်းက မှတ်တမ်းတင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။