ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၁၇.၉.၂၀၂၃) ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဦးဗိုလ်စံသိန်း ဦးဆောင်သောအဖွဲ့သည် ကျောက်တော်မြို့နယ် ဘုရားပေါင်း ကျေးရွာအုပ်စု ပုဏ္ဏားကျေးရွာစာသင်ကျောင်း၌ ကျားလူကြီး (၂၀)ဦး၊ ကျားကလေး(၁)ဦး၊ မလူကြီး (၅၃)ဦး စုစုပေါင်း(၇၄)ဦးတို့အား ကွင်းဆင်းဆေးကုသပေးခဲ့ပြီး ပြည်သူလူထု (၄၂)ဦးအား ကျန်းမာရေးပညာပေး ဟောပြောမှုပြုလုပ်ခဲ့ပါကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။