"မြန်မာ့တိုင်းရင်းဆေးပညာသည် ခေတ်အဆက်ဆက်မှ ယနေ့ခေတ်တိုင်အောင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အခြေခိုင်မာစွာ ရပ်တည်ခဲ့သည့် ဆေးပညာရပ်တစ်ရပ်ဖြစ်" ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်ခိုင်ဝင်းသည် အိန္ဒိယနိုင်ငံ၊ အာသံ ပြည်နယ်၊ Guwahati မြို့တွင် မတ်လ ၂ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ညီလာခံနှင့် ပြပွဲဖွင့်ပွဲ အခမ်းအနားသို့ တက် ရောက်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာအရ ဆီမီးဖယောင်တိုင်မီးထွန်း ညှိ၍ စတင်ဖွင့်လှစ်ခဲ့ပြီး အိန္ဒိယနိုင်ငံ၊ အာယုဗေဒဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
မြန်မာနှင့်အိန္ဒိယတိုင်းရင်းဆေးပညာကဏ္ဍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး
Fri , Mar 03 2023 - 08 amအိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် Guwahati မြို့တွင် မတ် ၂ ရက်မှ ၃ ရက် အထိ ကျင်းပပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာညီလာခံနှင့် ပြပွဲ တက်ရောက်ရန် အိန္ဒိယနိုင်ငံ၌ရောက်ရှိနေသော ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် အိန္ဒိယနိုင်ငံ အာယုဗေဒဆိပ်ကမ်းနှင့် ရေကြောင်းပို့ဆောင်ရေး ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး H.E.Shri Sarbanada Sonowal ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် The Radisson Blu Hotel Guwahati ၌ လက်ခံတွေ့ဆုံသည်။
အစီအစဉ်အရ ညီလာခံသဘာပတိအဖြစ် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ကျင်းပရေးလုပ်ငန်း ဆပ်ကော်မတီဥက္ကဋ္ဌ တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဦးမိတ်၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ နာယက ဦးမြင့်လွင်နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးပေါညိမ်းတို့က ဆောင်ရွက်ကြသည်။
(၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ကျင်းပပြုလုပ်သည်။