the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဉ္စမအကြိမ် အာဆီယံတိုင်းရင်းဆေးဝါးနှင့်ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် သင်တန်းဆင်းပွဲ

ယင်းနောက် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစုစုဒွေးက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင်-

  • ယခုအချိန်ထိ အာဆီယံတိုင်းရင်းဆေးဝါးနှင့်ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်သင်တန်း (၅)ကြိမ်ပို့ချခဲ့ပြီး စုစုပေါင်း သင်တန်းသား (၂၉၃)ဦး ပို့ချခဲ့ပြီး ဖြစ်ကြောင်း၊
  • သင်တန်းမှာ ပို့ချတဲ့ GMP Training Modules များအား ASEAN TM/HS PWG (Traditional Medicine and Health Supplements Product Working Group) အလုပ်အမှုဆောင်အဖွဲ့ကြီးမှ ညှိနှိုင်းအတည်ပြုထားပြီဖြစ်ကြောင်း၊
  • ယခုသင်တန်းတက်ရောက်လာကြတဲ့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ရဲ့ စက်ရုံများက GMP Certificate အသိအမှတ်ပြု လက်မှတ်ရထားလျှင် ပြည်တွင်း ဖြန့်ဖြူးရာမှာသာမက ပြည်ပသို့တင်ပို့ရာတွင်လည်း ယုံကြည်မှုပိုမိုရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် သင်တန်းတွင် ပို့ချချက်များကို အလေးအနက်ထား လေ့လာ သင်ယူကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
  •       ပဉ္စမအကြိမ် အာဆီယံတိုင်းရင်းဆေးဝါးနှင့်ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်သင်တန်းဆင်းလက်မှတ်များအား တိုင်းရင်းဆေး ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်ညွှန်ကြားရေးမှူးများမှ သင်တန်းသားများကို ပေးအပ်ခဲ့ပြီး နောင်ဖွင့်လှစ်မည့် သင်တန်းများတွင် အသုံးပြုနိုင်ရန် အတွက် တက်ရောက်လာသည့်  သင်တန်းသား၊ သင်တန်းသူများမှ အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ အဆိုပါသင်တန်းအတွက် သင်တန်းသား/သူများကိုယ်စား သင်တန်းသား (၁)ဦးနှင့် သင်တန်းသူ(၁)ဦးတို့က ကျေးဇူးတင်စကား အသီးသီးပြောကြားခဲ့ကြပါသည်။

သင်တန်းဆင်းပွဲအပြီးတွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်  သင်တန်းသားသင်တန်းသူများ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရှိရပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း