the republic of the union of myanmar

ministry of health

Department of Traditional Medicine

News

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးသည် ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး၊ ရန်ကုန်တိုင်းရင်းဆေးဝါးစက်ရုံတို့သို့ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်ရှိ အစည်းအဝေးခန်းမ၌ (၂၄.၉.၂၀၂၂) ရက်နေ့ နံနက် (၈:၃၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးတင့်လွင်၊ ခုတင် ၁၀၀ ဆံ့ ရန်ကုန်တိုင်းရင်းဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါ်မူမူချို၊  ဒုတိယ တိုင်းဒေသကြီး ဦးစီးဌာနမှူး၊ ခုတင် ၁၀၀ ဆံ့ ရန်ကုန်တိုင်းရင်းဆေးရုံ၊ ဒုတိယဆေးရုံအုပ်၊ အကြီးတန်းတိုင်းရင်းဆေးမှူး ဆရာ/ဆရာမများ သူနာပြုဆရာမကြီးတို့နှင့်တွေ့ဆုံ၍ မိတ်ဆက်စကား ပြောကြားပါသည်။ 

ဆက်လက်ဖတ်ရှုပါ

မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)ကို ၂၂-၉-၂၀၂၂ ရက်နေ့က နေပြည်တော်ဟိုတယ်ဇုန်ရှိ မန်းမြန်မာဟိုတယ်တွင်ကျင်းပခဲ့သည်။

အစည်းအဝေးသို့ မြန်မာတိုင်းရင်းဆေးကောင်စီ နာယက တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ  ဆရာကြီးဦးမြင့်ဦး၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်မှုဆောင်အဖွဲ့ဝင်များတက်ရောက်ကြပြီး  အစည်းအဝေးသို့ online အွန်လိုင်းဖြင့်လည်း ပါဝင်တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုပါ

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီတို့ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းနှင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့ ပူးပေါင်းဖွင့်လှစ်သော တိုင်းရင်းဆေးဆရာများ၏ ဆေးကုသမှုစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံ သင်တန်းဖွင့်ပွဲကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါ

ကျန်းမာဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနကကြီးမှူး၍ “(၂၁)ကြိမ်မြောက်မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ” အကြိုညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ(၂၁)ရက် နေ့လယ်(၁း၀၀)နာရီက တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ သဘာပတိအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက ဆောင်ရွက်ပြီး

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း