the republic of the union of myanmar

ministry of health

Department of Traditional Medicine

News

မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီရုံးဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၈ ရက် နံနက် ၉:၀၀ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ကံ့ကော်ပန်းအဝိုင်းအနီးရှိ အဆိုပါ ရုံးအဆောက်အအုံ၌ ကျင်းပခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါ

(၁၁)ကြိမ်မြောက်၊ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၂၈.၇.၂၀၂၂) ရက်နေ့တွင် မန္တလေးမြို့၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ သဘာပတိ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက အမှာစကားပြောကြားပြီး တိုင်းရင်းဆေးသုတေသနစာတမ်းနှင့် ပိုစတာစိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌက အကောင်းဆုံးစာတမ်းနှင့် ပိုစတာများရွေးချယ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

သုတေသနစာတမ်းဖတ်ပွဲကို (၂၇-၇-၂၀၂၂) ရက်နေ့ နှင့် (၂၈-၇-၂၀၂၂)ရက်နေ့ (၂)ရက် ကျင်းပခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်များသုတေသနဌာနများမှ ပညာရှင်များက သုတေသနစာတမ်း (၂၂)စောင် ဖတ်ကြားခဲ့ကာ ပိုစတာ(၆)ခု ကိုပြသထားပါသည်။

ဆက်လက်ဖတ်ရှုပါ

(၁၁)ကြိမ်မြောက်၊ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲဖွင့်ပွဲ အခမ်းအနားကို (၂၇.၇.၂၀၂၂) ရက်နေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

ဆက်လက်ဖတ်ရှုပါ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ တိုင်းရင်းဆေးတက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းရင်းဆေးပညာဦးစီးဌာန ဒေါက်တာစုစုဒွေး၊ ပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူးများ)နှင့် ဆရာ/ဆရာမများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း