the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးဆရာများ၏ ဆေးကုသမှုစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး တက်ရောက်

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီတို့ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းနှင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့ ပူးပေါင်းဖွင့်လှစ်သော တိုင်းရင်းဆေးဆရာများ၏ ဆေးကုသမှုစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံ သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၄း၀၀ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံတိုင်းရင်းကောင်စီ နာယက ကျန်းမာရေးဝန်ကြီး ဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ မြန်မာနိုင်ငံတို င်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ ဆရာကြီးဉီးမြင့်ဉီးနှင့် အလုပ်အမှုဆောင်များ၊  မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းဗဟို ဥက္ကဋ္ဌ ဆရာကြီးဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ သင်တန်းသား/သင်တန်းသူ တိုင်းရင်းဆေးဆရာ/ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ နာယက တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်း နည်းပြ ဆရာများဖြစ်သော တိုင်းရင်းဆေးတက္ကသိုလ်မှ ပါမောက္ခဆရာဦးဝင်းစိုး၊ ပါမောက္ခ ဆရာဦးဌေးလွင်၊ ပါမောက္ခဆရာမဒေါ်သန္တာခိုင်တို့နှင့် သင်တန်းဖြစ်မြောက်ရေး ဆောင်ရွက်ပေး ကြသော အတွင်းရေးမှူးအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို)ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှ သင်တန်းဆင်း တိုင်းရင်းဆေးဆရာ/ဆရာမတို့အား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိုးဝင်းက သင်တန်းဆင်း နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားခဲ့ကာ သင်တန်းသား တိုင်းရင်းဆေးဆရာတစ်ဦးမှ သင်တန်းတက်ရောက်ခွင့်ရရှိခြင်းအတွက် အကျိုးကျေးဇူးရရှိခြင်းများအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ယင်းနောက် သင်တန်းဆင်းပွဲ မှတ်တမ်းတင်ဓာတ်ပုံများ စုပေါင်းရိုက်ကူး ခဲ့ကြပါသည်။

ထို့နောက် သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမများသည် တိုင်းရင်းဆေးပညာဦးစီးဌာနမှ စီစဉ်ပေးမှုဖြင့် နေပြည်တော်ရှိ ဉပတ္တသန္တိဘုရားသို့ သွားရောက်လေ့လာဖူးမျှော်ခဲ့ ကြကြောင်း သိရှိရပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ