the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ ရုံးအမှတ်(၄၇)၊ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၆)ရက်၊ နံနက် ၁၀:၀၀ နာရီက တိုင်းရင်းဆေးပညာဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပရာ သဘာပတိအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် တိုင်းရင်းဆေးပညာဦးစီဌာန၊ စီမံခန့်ခွဲရေးဌာနခွဲမှ  ညွှန်ကြားရေးမှူး ဒေါက်တာထွန်းမြင့်အေး က ဆောင်ရွက်ပါသည်။ 

အစည်းအဝေးတွင် သဘာပတိ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ထမ်းများသည် မိမိတို့ တာဝန် ကျရာဒေသအလိုက်ကွင်းဆင်း၍ တိုင်းရင်းဆေးပညာဖြင့် ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ တိုင်းရင်းဆေးပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊  စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာပေးရေးအစီအစဉ် Continuing Traditional Medical Education Programme (CTME)များ ကျင်းပခြင်းတို့ကို ကြိုးကြိုးစားစားဆောင်ရွက်ကြသည်ကို သိရှိရ သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊  လုပ်ငန်းများဆောင်ရွက်ရာတွင် ဆက်စပ် အသင်းအဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ အချင်းချင်းအပြန်အလှန် လေးစားမှု (Mutual Respect) ထားစေလိုပါကြောင်း၊ ရုံးလုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဆေးဝါးဆိုင်ရာကိစ္စများကို ဂရုတစိုက်ဖြင့် စနစ်တကျဆောင်ရွက် စေလို ပါကြောင်း၊ ဝန်ထမ်းရေးရာကိစ္စများလည်း ဆောင်ရွက်နေပါကြောင်း၊ မိမိရောက်ရှိတာဝန်ကျရာ နေရာတွင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် ပြောကြားပါသည်။

ဆက်လက်၍ တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဆရာဦးသန်းညွန့်က ယခုလို ဆုံတွေ့ရခြင်းအတွက် ဝမ်းသာကျေးဇူးတင်ပါကြောင်း၊ ဝန်ထမ်းများသည် မိမိတို့ တာဝန်ကျရာဒေသအသီးသီး၌ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ဆောင်ရွက်ကြရသူများဖြစ်၍ မိမိလုပ်ဆောင်လိုသည်များကို သဘောထားမှတ်ချက်ဖြင့် တင်ပြပေးစေလိုပါကြောင်း၊ ဝန်ထမ်းရေးရာကိစ္စများ၊ အဆောက်အဦနှင့် မြေအသုံးချမှုဆိုင်ရာ ကိစ္စများကိုသေချာစွာစိစစ်ရန်၊ လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်  ဆောင်ရွက်ကြရန် ပြောကြား ပါသည်။ 

ထို့နောက် အစီအစဉ်အရ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးဌာနမှူးများ၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ ဆေးရုံအုပ်ကြီးများနှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးစက်ရုံ (မန္တလေး)စက်ရုံမှူးတို့မှ စီမံရေးရာနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဘဏ္ဍာငွေသုံးစွဲရေးနှင့် တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ဆေးရုံ၊ ဆေးခန်းများနှင့် ကုသရေးဆိုင်ရာကိစ္စရပ်များ (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်၊ ဆေးဝါးကိစ္စရပ်များ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များကိုတင်ပြခဲ့ကြပါသည်။ 

အဆိုပါတင်ပြချက်များအပေါ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများက ပြန်လည်ဆွေးနွေး၍ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းပေးပါသည်။ 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့  တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဦးစီးဌာနမှူးများ၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ဆေးရုံအုပ်ကြီးများနှင့် မန္တလေး တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံမှ စက်ရုံမှူးတို့ တက်ရောက်ကြပြီး အစည်းအဝေးကို (၂၁:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါကြောင်း သိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ