the republic of the union of myanmar

ministry of health

Department of Traditional Medicine

News

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီတို့ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းနှင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့ ပူးပေါင်းဖွင့်လှစ်သော တိုင်းရင်းဆေးဆရာများ၏ ဆေးကုသမှုစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံ သင်တန်းဖွင့်ပွဲကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါ

ကျန်းမာဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနကကြီးမှူး၍ “(၂၁)ကြိမ်မြောက်မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ” အကြိုညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ(၂၁)ရက် နေ့လယ်(၁း၀၀)နာရီက တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ သဘာပတိအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက ဆောင်ရွက်ပြီး

ဆက်လက်ဖတ်ရှုပါ

မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီရုံးဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၈ ရက် နံနက် ၉:၀၀ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ကံ့ကော်ပန်းအဝိုင်းအနီးရှိ အဆိုပါ ရုံးအဆောက်အအုံ၌ ကျင်းပခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါ

(၁၁)ကြိမ်မြောက်၊ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၂၈.၇.၂၀၂၂) ရက်နေ့တွင် မန္တလေးမြို့၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ သဘာပတိ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက အမှာစကားပြောကြားပြီး တိုင်းရင်းဆေးသုတေသနစာတမ်းနှင့် ပိုစတာစိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌက အကောင်းဆုံးစာတမ်းနှင့် ပိုစတာများရွေးချယ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

သုတေသနစာတမ်းဖတ်ပွဲကို (၂၇-၇-၂၀၂၂) ရက်နေ့ နှင့် (၂၈-၇-၂၀၂၂)ရက်နေ့ (၂)ရက် ကျင်းပခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်များသုတေသနဌာနများမှ ပညာရှင်များက သုတေသနစာတမ်း (၂၂)စောင် ဖတ်ကြားခဲ့ကာ ပိုစတာ(၆)ခု ကိုပြသထားပါသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးစွမ်းများမြောင်အကြောပေါင်းတစ်ထောင်
အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်