the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၁၁)ကြိမ်မြောက်၊ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခြင်း

၂၉-၇-၂၀၂၂ နေပြည်တော်

(၁၁)ကြိမ်မြောက်၊ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၂၈.၇.၂၀၂၂) ရက်နေ့တွင် မန္တလေးမြို့၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ သဘာပတိ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက အမှာစကားပြောကြားပြီး တိုင်းရင်းဆေးသုတေသနစာတမ်းနှင့် ပိုစတာစိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ က အကောင်းဆုံးစာတမ်းနှင့် ပိုစတာများရွေးချယ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

သုတေသနစာတမ်းဖတ်ပွဲကို (၂၇-၇-၂၀၂၂) ရက်နေ့ နှင့် (၂၈-၇-၂၀၂၂)ရက်နေ့ (၂)ရက် ကျင်းပခဲ့ခြင်း ဖြစ်ပြီး တက္ကသိုလ်များသုတေသနဌာနများမှ ပညာရှင်များက သုတေသနစာတမ်း (၂၂)စောင် ဖတ်ကြားခဲ့ကာ ပိုစတာ(၆)ခု ကိုပြသထားပါသည်။

ကျန်းမာရေးစနစ်သုတေသန ပထမဆုအား ဦးမြင့်ခိုင်နှင့်အဖွဲ့က ကျိုင်းတုံမြို့ ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံတွင် ကုသမှုပေးခဲ့သော ခါးနာရောဂါကို လေ့လာခြင်း သုတေသနစာတမ်းဖြင့် လည်းကောင်း၊  သိပ္ပံသုတေသနပထမဆုအား ဒေါက်တာအိအိထွေးနှင့်အဖွဲ့က ရှဉ့်မတက်ဆိုင်ရာ လေ့လာခြင်း သုတေသနစာတမ်းဖြင့်လည်းကောင်း၊ တိုင်းရင်းသုတေသနပထမဆုအား ဦးလှမျိုးဝင်း နှင့်အဖွဲ့က Elemental analysis of Gandhaka Bhasma (kant-Pyar) ဆိုင်ရာ စမ်းစစ်လေ့လာခြင်း သုတေသနစာတမ်းဖြင့်လည်းကောင်း ဆုများရရှိခဲ့ပြီး ကဏ္ဍအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်ပေးအပ်ကြသည်။ ပိုစတာပြိုင်ပွဲတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်းဆုံးဆုရရှိသူများ ကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် သဘာပတိ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက ပူးပေါင်းပံ့ပိုးကူညီကြသူများအား  ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ရာ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဂရိတ်ဝေါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းမှ ဦးမောင်မောင်ဦးနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းရှင်များက လက်ခံရယူကြသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့မှ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်း(ဗဟို)နှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့တို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/တိုင်းဒေသကြီးအသီးသီးမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးပညာရှင်များ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရ ရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ